ရန်ကုန် ဇန်နဝါရီ ၁၁
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာ ရှင်များအား (အခမဲ့) ကျန်းမာရေးစောင်ရှောက်မှုပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က သန်လျင်မြို့နယ် အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းများ၌ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းဦး ဆောင်သော ကျန်းမာရေးဝန်ထမ်းများက သွေးတိုး၊ တီဘီ၊ဆီးချိုဝေဒနာရှင်များ စိတ်အေးချမ်းသာစွာကျန်းမာရေးစစ်ဆေးမှုများခံယူနိုင်ရန် ( အခမဲ့)စမ်းသပ်စက်ကိရိယာများဖြင့် စစ်ဆေးခြင်း၊ တီဘီသံသယလူနာများရှာ ဖွေပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း တို့ကိုဆောင်ရွက်ပေးခဲ့ပြီး ဆီးချို၊ သွေးတိုးဝေဒနာရှင်များ၊ တီဘီဝေဒနာရှင်များအား စမ်းသပ်စက်ကိရိယာများဖြင့် စစ်ဆေးခြင်း၊ ဆေးများ( အခမဲ့)ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဖြိုးသီဟ(သန်လျင်)