နမ့်စန်(တ) ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီကစတင်၍ အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းနှင့် အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(နမ့်စန်) အားကစားကွင်းတို့တွင် စတင်ကျင်းပလျက်ရှိသည်။
အားကစားကွင်းအလိုက် အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပနေမှုကို မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းနှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း (၂၀) သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)