ဟင်္သာတ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် ဟင်္သာတမှ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဘွဲ့နှင်းသဘင်ကော်မတီပါမောက္ခ(ဌာနမှူး)များနှင့် ဘွဲ့ရမောင်/မယ် ကျောင်းသား/သူ (၉၅) ဦးနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်ခဲ့သော ဘွဲ့နှင့်သဘင်အခမ်းအနားတွင် ကွန်ပျူတာသိပ္ပံဘွဲ့လွန်ဒီပလိုမာသင်တန်း၊ ကွန်ပျူတာသိပ္ပံဘွဲ့နှင့် ကွန်ပျူတာနည်းပညာဘွဲ့ရရှိခဲ့ကြသူများအား ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က သက်ဆိုင်ရာ ဘွဲ့များအလိုက် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)