ဂန့်ဂေါ ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ခုနှစ်၊ ယမန်နေ့ ယနေ့နံနက် ၆ နာရီအချိန်မှ စတင်ဖွင့်လှစ်၍ ကျင်းပပြုလုပ်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များမှ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း မိမိတို့နိုင်ငံသားအခွင့်အရေးကို လက်လွတ်ဆုံးရှုံးမခံဘဲ သက်ဆိုင်ရာမဲရုံအသီးသီးသို့ ဆန္ဒမဲများလာရောက်ပေးလျက်ရှိသည်။
ထိုသို့ ဆန္ဒမဲများလာရောက်ပေးကြသည့် မြို့ပေါ်(၄)ရပ်ကွက်ရှိပြည်သူများမှ သက်ကြီးအဘိုးအဘွားများအား ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက မော်တော်ယာဉ်များဖြင့် အိမ်တိုင်ရာရောက် ကြိုဆိုပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး ဆန္ဒမဲလာရောက်ပေးကြသည့် ပြည်သူများအား အချိုရည်ဘူးများကိုပေးဝေခဲ့ကြသည်။
ဂန့်ဂေါမြို့ပေါ်ရပ်ကွက်များမှပြည်သူများ ဆန္ဒမဲများလာရောက်ပေးမှု အခြေအနေများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းထွဋ်အောင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း