မိုင်းကိုင် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ယမန်နေ့နေ့လယ်ပိုင်းချိန်အထိ ကျေးလက်ဒေသများတွင် မဲန္ဒရှင်ပြည်သူများ တက်ကြွစွာဖြင့် ဆက်လက်၍ ဆန္ဒမဲများပေးလျက်ရှိသည်။
အဆိုပါဆန္ဒမဲပေးနေမှုများတွင် ဝမ်ဖွီးကျေးရွာအုပ်စု၊ လုတ်တောင်းကျေးရွာအုပ်စု၊ ပန်ကေတုကျေးရွာအုပ်စုတို့တွင် တောင်ပေါ်ဒေသသွားလာရန် ခက်ခဲသည့် ကျေးရွာများ၊ မဲရုံနှင့်ဝေးသည့် ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများကို ကျေးရွာအုပ်စုတာဝန်ရှိသူများက ထော်လာဂျီများ၊ ကားများဖြင့် မဲရုံအရောက် သယ်ယူပို့ဆောင်ပေးနေသဖြင့် မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများဖြင့် စည်ကားနေဆဲဖြစ်သည်။
ထိုသို့ဆန္ဒမဲပေးနေစဉ်အတွင်း မဲဆန္ဒရှင်ပြည်သူများ၏ နေ့လည်စာအဖြစ် တာဝန်ရှိသူများက ပေါင်မှုန့်များ၊ ရေသန့်ဘူးများကို ဝေငှပေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချော(မိုင်းကိုင်)