တောင်ကြီး ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် တောင်ကြီးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချူပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရပ်စောက်မြို့နယ် စီမံခံ့ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့မနက်ပိုင်းက ရပ်စောက်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယမ်းတွင်ငါးကြောင်ကျေးရွာအုပ်စု မဲရုံအမှတ်(၂)၊ မဲရုံအမှတ်(၅)၊ မဲရုံအမှတ်(၆)၊ မဲရုံအမှတ်(၈)သို့ သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုများကို ကြည့်ရှု၍ မဲဆန္ဒရှင်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး ၍လိုအပ်သည်များမှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဟွေးကျေးရွာ အုပ်စုမဲရုံအမှတ်(၂)၊ ဥတ္တံတားရပ်ကွက်မဲရုံအမှတ်(၁)၊ ဥတ္တံတားရပ်ကွက်မဲရုံအမှတ်(၂)၌ မဲဆန္ဒရှင်ပြည်သူများ တက်ကြွစွာမဲပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှု၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ရှမ်းပြည်နယ်အတွင်း မြို့နယ်(၁၇)မြို့နယ်တွင် ရပ်ကွက်(၁၃၉)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၉၃)အုပ်စု၊ စုစုပေါင်း(၄၃၂)အုပ်စု၊ မဲရုံစုစုပေါင်း(၈၉၈)ရုံရှိရာ မဲဆန္ဒရှင်ဦးရေ စုစုပေါင်း (၈၀၅၀၆၀) ဦးရှိကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
မင်းသန့် (ပြန်/ဆက်)