တောင်ကြီး ဇန်နဝါရီ ၁၂
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့ ယမန်နေ့ နံနက် (၆) နာရီမှစတင် ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် ရပ်စောက်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုများရှိ မဲရုံများတွင် လွတ်လပ်စွာ၊ အေးချမ်းစွာ စည်းကမ်းစနစ်ကျစွာဖြင့် တန်းစီ၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။ အလားတူ မိုင်းဖြတ်၊ မိုင်းယန်း ၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းယု၊ မိုင်းတုံ၊ ပုံပါကျင်၊ တန့်ယန်း၊ မိုင်းရယ်မြို့များအပါအဝင် ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် မြို့နယ်(၁၇)မြို့နယ်တို့တွင်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုများရှိ မဲရုံများတွင် လွတ်လပ်စွာ၊ အေးချမ်းစွာ စည်းကမ်းစနစ်ကျစွာဖြင့် တန်းစီ၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ရှမ်းပြည်နယ်အတွင်း မြို့နယ်(၁၇)မြို့နယ်တွင် ရပ်ကွက်(၁၃၉)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၉၃)အုပ်စု၊ စုစုပေါင်း(၄၃၂)အုပ်စု၊ မဲရုံစုစုပေါင်း(၈၉၈)ရုံ ရှိရာ မဲဆန္ဒရှင်ဦးရေ စုစုပေါင်း (၈၀၅၀၆၀) ဦးရှိကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
မင်းသန့်(ပြန်/ဆက်)