ပုံပါကျင်မြို့၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ လာရောက်မဲပေး

ပုံပါကျင် ဇန်နဝါရီ ၁၂

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဒုတိယပိုင်းတွင် ပါဝင်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပုံပါကျင်မြို့၌  ယမန်နေ့က မဲဆန္ဒရှင်ပြည်သူများ မိမိတို့သက်ဆိုင်ရာမဲရုံများသို့ ပျော်ရွှင်စွာလာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

ပုံပါကျင်မြို့တွင် ရပ်ကွက်(၅)ရက်ကွက်နှင့် မဲရုံ(၆)ရုံရှိပြီး အသက်(၁၈)နှစ်ပြည့်ပြီး မဲဆန္ဒရှင်ပြည်သူ(၂၆၀၃)ဦးရှိကာ ယနေ့နံနက် ၆ နာရီ မဲရုံဖွင့်ချိန်မှစ၍ မဲဆန္ဒရှင်ပြည်သူများ မိမိတို့သက်ဆိုင်ရာမဲရုံများသို့ ပျော်ရွှင်စွာလာရောက် မဲပေးလျက်ရှိရာ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပုံပါကျင်(ပြန်/ဆက်)