ရပ်စောက် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ယမန်နေ့တွင် ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် မဲဆန္ဒရှင်များ မဲပေးမှုပြီးဆုံးကာ ညနေ ၄ နာရီတွင် မဲရုံများ စတင်ပိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVE ဖြင့် မဲပေးရခြင်းဖြစ်၍ မဲရုံပိတ်သိမ်းချိန်တွင် မဲပေးသူအရေအတွက်နှင့် မဲရလဒ်အား မဲပေးစက်တစ်လုံးခြင်းစီမှ Print ထုတ်၍ ကြည့်ရှုနိုင်မည်ဖြစ်ပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်ရေတွက်ခြင်းကို ယနေ့ညနေပိုင်းက မဲရုံအသီးသီး၌ ပါတီကိုယ်စားပြု ကိုယ်စားလှယ်များရှေ့တွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)