စဉ့်ကိုင် ဇန်နဝါရီ ၁၂
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်နေ့က စဉ့်ကိုင်မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ ကျင်းပပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲ မဲရလဒ်များထုတ်ပြန် ကြေညာခြင်းကို ဇန်နဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီက ရန်အောင်မြင်ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းကြူက လုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ ရွေးကောက်ပွဲ မဲရလဒ်များထုတ်ပြန်ကြေညာခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သက်ဆိုင်ရာပါတီများမှ ကိုယ်စား လှယ်လောင်းများအား မဲရလဒ်များကို ကြည့်ရှုစေကာ အနိုင်ရပါတီအား ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)