တနင်္သာရီမြို့နယ်၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပပြီးစီး

တနင်္သာရီ ဇန်န၀ါရီ ၁၂

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၂)တွင် ပါဝင်သည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ  သတ်မှတ်မဲရုံများအလိုက် နံနက် ၆ နာရီမှစတင်၍ မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားတာဝန်ကျေပွန်စွာဖြင့် အေးချမ်းစွာလာရောက် ဆန္ဒမဲပေးခဲ့ကြပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆန္ဒမဲများပေးကြရာတွင် တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၇)ခုရှိ မဲရုံ(၁၀)ရုံ၌ မဲဆန္ဒရှင်ပြည်သူများကနိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအတွင်းတာဝန်ထမ်းဆောင်ကြသည့် မဲရုံမှူး၊ ဒုမဲရုံးမှူး၊ မဲရုံအဖွဲ့ဝင်များ၊ အတွင်းစည်း၊ အပြင်စည်းလုံခြုံရေးအဖွဲ့များဖြင့် အုပ်ချုပ်/ထောက်ပံ့မှုကိစ္စရပ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဌာနဆိုင်ရာတာဝန်ရှိသူများက စနစ်တကျရှိစေရေးဆောင်ရွက်ခဲ့ကြသည်။

တနင်္သာရီမြို့နယ်တွင် မြို့ပေါ်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅)ခု တို့တွင် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၉၆၆၉)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

သီသီခိုင် (ပြန်/ဆက်)