မိုးနဲမြို့နယ်တွင် ပါတီစုံဒီမိုကရေးစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး Voter Slip များ ဖြန့်ဝေ

မိုးနဲ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်လျက်ရှိရာ မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးရာတွင် ဆန္ဒမဲအမှတ်စဉ်များ အလွယ်တကူသိရှိပြီး အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် Voter Slip များ လိုက်လံဖြန့်ဝေပေးခြင်းကို ရက်ကွက်/ကျေးရွာအုပ်စုများအလိုက် ယနေ့နံနက်ပိုင်းက စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးစက်အသုံးပြု၍ မဲပေးပုံ၊ မဲရုံအတွင်း ဆောင်ရန်‌/ရှောင်ရန်အချက်များနှင့် မဲစာရင်းအမှတ်စဉ်များသိရှိထားပါက ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မဲရုံသို့ လာရောက်မဲပေးနိုင်ရေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)