ထားဝယ် ဇန်နဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အိမ်ရှေ့ပြင်ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုကို ဇန်နဝါရီ ၁၁ ရက်နေ့က ထားဝယ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
သရက်ချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အိမ်ရှေ့ပြင်ရွာတွင်းလမ်း (၀/၄)မိုင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကိုထားဝယ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၏ အနီးကပ်ကြီးကြပ်မှုဖြင့် လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)