မိုးနဲမြို့ နောင်ကျော့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းတွင်း အားကစားပြိုင်ပွဲကျင်းပ

မိုးနဲ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်ကျော့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းအုပ်ဆရာကြီးဦးစီး၍ ကျောင်းတွင်းအားကစား ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပလျက်ရှိကြောင်း သိရသည်။

အားကစားပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူလေးများက ပူစီဖောင်းညှပ်ပြေး၊ မုန့်စား၊ ပိုက်ညှပ်၊ ဇွန်းဖြင့် ရေဖြည့် မျက်လုံးပိတ် ဘောလုံးကောက် စသည့်အားကစားပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး ဆုရရှိကြမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးစုံညီပွဲတွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)