ကျိုင်းတုံမြို့၌ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်လည်ထူထောင်ရေးစခန်းမှ ကြီးမှူးဖွင့်လှစ်သည့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းအမှတ်စဉ် (၁/၂၀၂၆)သင်တန်းဖွင့်ပွဲကို ယနေ့တွင် အဆိုပါစခန်း၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူက စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းသားအနေဖြင့် သင်တန်းမှပို့ချသည့် ဘာသာရပ်များကို လေ့လာသင်ယူ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင်ပါဝင်သော ဒေသအတွင်း မူးယစ်ဆေးဖြတ်ပြီးသူများအား နောက်ဆက်တွဲစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့်  မူးယစ်ဆေးသုံးစွဲသူများအား စည်းရုံးဖော်ထုတ်၍ ညွှန်းပို့ချိန်ဆက်မှုများ ပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ကျိုင်းတုံမြို့နယ်မှ သင်တန်းသား ၂၀ ဦး တက်ရောက်ပြီး ဇန်နဝါရီ ၁၂ ရက်မှ ‌၁၆ ရက်နေ့ထိ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်း၊ လူမှုရေးဆိုင်ရာပံ့ပိုးမှု၊ နှစ်သိပ့်ဆွေးနွေးအကြံပေးခြင်း၊ မူးယစ်ဆေးသုံးစွဲမှုကြောင့် မိသားစုအပေါ်အကြမ်းဖက်မှုနှင့် ဥပဒေရေးရာ စသည့်ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)