မြို့သစ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) ကျင်းပပြီးစီး၍ မဲရလဒ်စာရင်းများ ရေတွက်

မြို့သစ် ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယမန်နေ့နံနက် (၆)နာရီမှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမဲရုံအသီးသီး၌ ဖွင့်လှစ်ဆောင်ရွက်ပြီး ညနေ(၄)နာရီတွင်  မဲရုံများ ပိတ်သိမ်း၍ လွှတ်တော်အလိုက် ကိုယ်စားလှယ်လောင်းများရရှိသည့် ကြိုတင်ဆန္ဒမဲများ ဖွင့်ဖောက်ရေတွက်ခြင်း၊ မဲပေးစက်မှ မဲရလဒ်စာရင်းများ ရေတွက်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ်၌  ရပ်ကွက် (၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၅)အုပ်စုတွင် မဲရုံ (၁၀၆)ရုံ ဖွင့်လှစ်ထားရှိရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံအလိုက် မဲရလဒ်စာရင်းများကို ပါတီကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများရှေ့မှောက်တွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)