စေတုတ္တရာ ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေမြို့တုတ္တရာမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)အဖြစ် ၂၀၂၆ ခုနှစ်၊ ယမန်နေ့တွင် ပြုလုပ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး တည်ငြိမ်အေးချမ်းစွာ ကျင်းပပြီးစီး၍ ညနေ ၄ နာရီချိန်တွင် ဆန္ဒမဲများ စတင်ရေတွက်နေလျက်ရှိကြောင်း သိရသည်။
မဲရုံများတွင် မဲရုံမှူးက ညနေ ၄ နာရီတိတိချိန်တွင် မဲရုံပိတ်သိမ်းကြောင်းကြေညာခဲ့ပြီး၊ မဲရုံကိုယ်စားလှယ်အဖွဲ့များရှေ့တွင် ကြိုတင်မဲပုံးလုံခြုံရေးကြိုးများ ဖြတ်တောက်ကာ ဆန္ဒမဲများကို ရေတွက်ခြင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား လုံခြုံရေးကြိုးများ ဖြတ်တောက်ကာ ဆန္ဒမဲများကို ရေတွက်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တာဝန်ရှိသူများက မဲရုံမှူးများ လာရောက်ပေးပို့သည့်၊ ပြည်သူ့လွှတ်တော်/ အမျိုးသားလွတ်တော်/ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်းများကို စိစစ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)