ငပုတောမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို တမန်‌ချောင်းကျေးရွာလျှပ်စစ်မီးဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ဆေး

ငပုတော ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များသည် တမန်ချောင်းကျေးရွာအုပ်စုတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကျေးရွာလျှပ်စစ်မီးဖွင့်လှစ်နိုင်ရေး ACSR 95mm2 (၂.၆၂) မိုင်နှင့် (၂၀၀)ကေဗွီ ထရန်စဖော်မာ (၁)လုံးတည်ဆောက်ပြီးစီးမှူ အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လျှပ်စစ်မီးဖွင့်ပွဲကျင်းပနေနိုင်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားနိုင်ရေး၊ မီးဖွင့်ပွဲကျင်းပမည့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေးနှင့် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကမ်းနီကျေးရွာစုတွင် တိုင်းဒေသကြီးခွင့်ပြုရံပုံငွေဖြင့်ဆောင်ရွက်သည့် ပညာပျိုးခင်းစာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ စာကြည့်တိုက်အတွင်း စာဖတ်ပရိတ်သတ်များအတွက် ဆွဲဆောင်နိုင်သော စာအုပ်စာပေများ ဖတ်ရှုနိုင်ရေးဆောင်ရွက်ရေး၊ အလင်းရောင်ကောင်းမွန်စွာရရှိရေးနှင့် စာကြည့်တိုက်ဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ