တောင်ကြီး ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နားဟီးကျေးရွာအုပ်စု၊ ဟမ်းဆီးကျေးရွာ၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးကျင်းပသော ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း(Smart Village) အသိပညာပေးဟောပြောပွဲအခမ်းအနားကို အဆိုပါကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကျောက်တလုံးကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က အမှာစကားပြောကြားသည်။
ထို့နောက် ဟမ်းဆီးကျေးလက်ကျန်းမာရေးဌာန၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာန၊ မိခင်နှင့်ကလေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးဟောပြောကြကြောင်းနှင့် ဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်နိုင်လင်း