တွံတေး ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မင်းပိုင်းရပ်ကွက်မဗေဒါရှိ စိုက်ပျိုးရေးလမ်းနှင့် ဆောက်လုပ်ရေးလမ်းမိသားစုများက ကြီးမှူးကျင်းပပြုလုပ်သည့် (၁၀) အကြိမ်မြောက် နှစ်သစ်ကူးနှစ်ဦးတရားအလှူတော်ဓမ္မသဘင်ပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့ည (၇) နာရီအချိန်မှ စတင်၍ စိုက်ပျိုးရေးလမ်းနှင့် ဆောက်လုပ်ရေးလမ်းဆုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနှစ်ကူးနှစ်ဦးဒါနအထူးတရားပွဲကို စိုက်ပျိုးရေးလမ်းနှင့် ဆောက်လုပ်ရေးလမ်းမိသားစုများက ဇန်နဝါရီလ (၂၀) ရက်နေ့မှ (၂၄) ရက်နေ့အထိ (၅) ညတိုင်တိုင် ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းအား ဆရာတော်များဖြစ်ကြသော နဂါးညီနောင်ကျောင်းတိုက်မှ သာသနဓဇ ဓမ္မာစရိယ၊ အစိုးရ ဝိနယဝိဒူအရှင်သာသန၊ ညောင်းဝိုင်းကျောင်းတိုက်မှ သာသနဓဇ ဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဝိနယဇောတက ဝိသာရဒ (ပထမ) အရှင်ဣန္ဒက (သစ္စာမြေ)၊ ကိုးနဝင်းကျောင်းတိုက်မှ ဓမ္မာစရိယ ဝိနယဝိဒူ ဘဒ္ဒန္တ အဂ္ဂဓဇ၊ ကျောင်းသစ်ပရိယတ္တိစာသင်တိုက်မှ တိုင်းဒေသကြီး သံဃာ့ဝန်ဆောင်၊ တွံတေးမြို့နယ် သံဃနာယကဥက္ကဋ္ဌ (ရွှေကျင်)၊ သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ အဘိဓမ္မာဝိဒူ၊ နာယကစာချဓမ္မကထိက ဘဒ္ဒန္တ နာရဒ (ဒဿန)၊ ဓမ္မာလင်္ကာရကျောင်းတိုက်မှ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ စာပေဗိမာန်ဝိဇ္ဇာပညာရပ်စာပဒေသာဆုများရှင်၊ Doctor of Philosophy (USA)၊ နိုင်ငံတကာ လူမှုကရုဏာထူးချွန်ဆု ဒေါက်တာ ဘဒ္ဒန္တရေဝတ (ရွှေကွမ်းသား) ဆရာတော်အရှင်သူမြတ်များက ဓမ္မမိတ်ဆွေအပေါင်းကို တရားရေအေးအမြိုက်ဆေးနိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားပြသပေးမည့်ဖြစ်ကာ ညစဥ်ညတိုင် တရားနားကြွရောက်သော ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းအား စိုက်ပျိုးရေးလမ်းနှင့် ဆောက်လုပ်ရေးလမ်းမှ မိသားစုများက တရားနားကြွရောက်ကြသူများကို အာဟာရဒါနစတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ တရားနား ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းအား ညစဥ်တရားပွဲအပြီးတွင် ဘုရားမဲများ မဲဖောက်ကံစမ်းလှူဒါန်းပေးခြင်း၊ တရားနားကြွရောက်မည့်သူများအား မော်တော်ယာဥ်များဖြင့် ကြို/ပို့ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မျိုးလှိုင်