ကြီးပွားလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းအရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ညောင်ရွှေ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် မင်းချောင်းကျေးရွာ ကြီးပွားလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်  နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မင်းချောင်းကျေးရွာ စာကြည့်တိုက်၌ ကျင်းပကြောင်း သိရသည်။

ဦးစွာအသင်းဥက္ကဋ္ဌ ဦးအောင်မွန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်ထွန်းက စီမံကိန်းသီးနှံများနှင့်ပတ်သက်၍ မျိုးနှင့်သွင်းအားစုများ ပံ့ပိုးနေမှုအခြေအနေ၊ မြေဩဇာဖြန့်ဖြူးပေးမည့် အစီအစဉ်များနှင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အသင်းစာရင်းစစ်အစီရင်ခံစာများ ဖတ်ကြားခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း၊ အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အစုပေါ်အမြတ်၊ စုဆောင်းငွေပေါ်အတိုးနှင့် အသင်းသားထောက်ပံ့ငွေ စုစုပေါင်း ၉၇၆၂၆၀၀ ကျပ် ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)