ကွန်ဟိန်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူ(၁၇၇၀၉)ဦး ဆန္ဒမဲပေးခဲ့

ကွန်ဟိန်း ဇန်နဝါရီ ၁၂

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက မိမိကြိုက်နှစ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ယမန်နေ့နံနက် ၆ နာရီမှစ၍ စိတ်ပါဝင်စားစွာဖြင့် ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်တွင် ရပ်ကွက် ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၄ အုပ်စု၊ မဲရုံပေါင်း ၄၇ ရုံဖွင့်လှစ်ထားရှိပြီး မဲပေးနိုင်သည့် မဲဆန္ဒရှင်ဦးရေ စုစုပေါင်း(၃၅၂၂၁)ဦးရှိသည့်အနက် ကြိုတင်ဆန္ဒမဲပေးသူ(၁၈၄၉)ဦးနှင့် ဇန်နဝါရီ ၁၁ ရက်နေ့တွင် လာရောက်ဆန္ဒမဲပေးသူ (၁၅၈၆၀)ဦးရှိရာ စုစုပေါင်းဆန္ဒမဲပေးသူ(၁၇၇၀၉)ဦးဖြစ်ပြီး ဆန္ဒမဲပေးသူ ရာခိုင်နှုန်း (၅၀.၂၈)ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး