မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပရေးလုပ်ငန်းညှိနှိုင်း

မြစ်သား    ဇန်နဝါရီ    ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်  မြစ်သားမြို့နယ်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် မဲဆန္ဒရှင် ၁၀၀၀ ဦးနှင့်အထက် မဲရုံများအား ဆန္ဒမဲပေးနိုင်ရေး အဆိုင်းတိုး‌ဆောင်ရွက်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  ညှိနှိုင်းဆောင်ရွက်ပေးကြရန်၊ မဲဆန္ဒရှင် ၁၀၀၀ နှင့်အထက်မဲရုံများတွင် မဲစစ်ဆေးသူ (၃) ဦးအဆိုင်းတိုးဆောင်ရွက်ရန်၊ မဲစလစ်စာရွက်များအားဖြန့်ဝေဆောင်ရွက်သွားရန်၊ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ မဲဆန္ဒရှင်ပြည်သူများ အခဲမရှိ မဲပေးနိုင်ရန်အတွက်  မော်တော်ယာဉ်စီစဉ်ထားရှိရန်၊ မဲရုံများအလိုက်တာဝန်ထမ်းဆောင်မည့် အဖွဲ့ဝင်များအတွက်  လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးသွားရန်တို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်နိုင်မင်းက မဲရုံများအသုံးပြုမည့် စာသင်ကျောင်းများအတွက် လိုအပ်သည်များအား ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ  ဒေါ်ယဉ်မွန်ဖိုးက  ကြိုတင်မဲများပေးကြမည့်စာရင်းများအား စနစ်တကျ ပြုစုဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းဆွေးနွေး​သည်။ ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦစီးမှူး ဦးအောင်သန်းက မှတ်ပုံတင်ကိစ္စရပ်များ ဆွေးနွေးရှင်းလင်းခြင်းနှင့် တက်ရောက်လာသူများမှ ရွေးကောက်ပွဲ နှင့်ပတ်သက်၍ သိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)