ပုဇွန်တောင် ဇန်နဝါရီ ၁၂
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ဇန်နဝါရီ ၁၁ ရက်က လွှတ်တော်မဲဆန္ဒနယ် အသီးသီးအတွက် ပါတီပေါင်း (၉) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၄) ဦးနှင့် တစ်သီးပုဂ္ဂလ (၁) ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း (၂၅) ဦး ဝင်ရောက်ယှဥ်ပြိုင်အရွေးခံခဲ့ကြကြောင်း သိရသည်။
ယင်းသို့ ယှဥ်ပြိုင်အရွေးခံရာတွင် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော် (မဲအများဆုံးရသူအနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ် (၁) ၊ ရန်ကုန်တိုင်းဒေသကြီး (မဲအများဆုံးရသူအနိုင်ယူစနစ်) ပုဇွန်တောင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ (၅) ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၅) ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ (၂) ဦး၊ ပြည်သူ့ပါတီမှ (၄) ဦး၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီမှ (၂) ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီမှ (၁) ဦး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁) ဦး၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီမှ (၂) ဦး၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီမှ (၂) ဦး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၁) ဦး၊ တစ်သီးပုဂ္ဂလမှ (၁) ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း (၂၅) ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်အရွေးခံခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်သည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင်ပါဝင်ပြီး မြို့နယ်အတွင်း ရပ်ကွက်ကြီး (၁၀) ရပ်ကွက်မှ ပြည်သူများက မဲရုံ (၂၁) ရုံတွင် လွတ်လပ်အေးချမ်းစွာဖြင့် ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်