ဒေးဒရဲ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဇန်နဝါရီလ(၂၅)ရက်နေ့၌ အပိုင်း (၃)အဖြစ် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးရေး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအလိုက် မဲရုံများကြိုတင်ပြင်ဆင် လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် ဒေးဒရဲမြို့နယ်၊ တော်ချိုက်ကျေးရွာအုပ်စုနှင့် ရှမ်းကန်ကျေးရွာ အုပ်စုများရှိ ကျေးရွာများတွင် မဲရုံအဖြစ် အသုံးပြုမည့် အခြေခံပညာကျောင်းများရှိ စာသင်ခန်း များအား ကြည့်ရှုစစ်ဆေးခြင်း၊ မဲရုံပရဝုဏ် အတွင်း၊ အပြင် လုံခြုံရေး ဆောင်ရွက်ထားမည့် လုပ်ငန်းများ၊ မဲရုံများ မီးဘေးလုံခြုံရေးကြိုတင်ဆောင်ရွက်ထားရှိမှုများနှင့် ရွေးကောက်ပွဲအား အချိန်ကြန့်ကြာမှုမရှိစေဘဲ လွယ်ကူအောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည့် လမ်းညွှန်မှုများကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် မဲရုံတာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း