မြန်အောင် ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊မြန်အောင်မြို့ဝေဠုဝန် ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယ အနေကဇာတင်မင်္ဂလာနှင့်ဝေဠုဝန်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒ၏ (၆၁)နှစ်ပြည့် ဝိဇာတမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်က ကျင်းပပြုလုပ်သည်။
ဦးစွာ နံနက် ၅ နာရီအချိန်တွင် အတုလသယမ္ဘူ ဘုရားကြီးအားသစ်သီးဆွမ်း၊ပန်း၊ရေချမ်း ဆက်ကပ်လှူဒါန်း၍ ဝေဠုဝန်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒ (သာသနဓဇ ဓမ္မာစရိယ ၊ ဝေဠုဝန်နိကာယဝိနိယဝိသာရဒ ၊ ဒိဃနိကာယကောဝိဒ)အရှင်သူမြတ်နှင့် ဆရာတော် သံဃာတော်များက ဗုဒ္ဓပူဇနိယ အနေကဇာတင်ပူဇော်ခဲ့ကြရာ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ တက်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်းဆက်ကပ်၍ ဧည့်ပရိသတ်များအား ဧည်ခံ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်အတွင်းစတုဒိသာ အာဟာရအလှူနှင့် နိဗ္ဗာန်စျေး အလှူကျင်းပပြုလုပ်ရာ ဆရာတော်နှင့်တပည့်ဒါယိကာမ ဒါယိကာမများက ဧည့်ပရိသတ်များအား နေ့လယ်စာထမင်းဟင်းများဖြင့်လှူဒါန်းကျွေးမွေးခဲ့ကြသည်။
၁၁-၁-၂၀၂၅ ရက်နေ့တွင်လည်း မြန်အောင်မြို့ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယ အနေကဇာတင်မင်္ဂလာ၊ ဝေဠုဝန်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒ အရှင်သူမြတ်၏ (၆၁)နှစ်ပြည့်ဝိဇာတ မင်္ဂလာအခမ်းအနား(ဒုတိယနေ့) ဆက်လက် ကျင်းပပြုလုပ်၍ဝေဠုဝန်နိဗ္ဗာန်စျေးပွဲတော်၊ စတုဒိသာအလှူပွဲများ ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင်