ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့ နံနက် (၉) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းဘေးသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ လေပြင်းဖြစ်ပေါ်နေစဉ်အတွင်း လိုက်နာရန်အချက်များ၊ ရှောင်ရှားရမည့်အချက်များနှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက လေပြင်းတိုက်ခိုက်ပြီးနောက် ဆောင်ရွက်ရန်အချက်များအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

စုစုအေး (ကျောက်ဆည်)