မအူပင် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ အောက်ပိုင်းကျေးရွာ၌ ယနေ့နံနက်ပိုင်းက တိုးမြစ်ရေတိုက်စားမှုကြောင့် အလျား (၅၀) ပေ၊ အနံ (၂၀)ပေခန့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှုနှင့်နီးကပ်သည့် ဓနိမျုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ် (၃)လုံး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
အဆိုပါမြစ်ကမ်းပါးပြိုကျမှုကြောင့် ငွေကျပ်(၆၀၀၀၀ဝိ/) (ခြောက်သိန်းကျပ်)ခန့် ဆုံးရှုံးခဲ့ရပြီး ကြိုတင်ဖျက်သိမ်းခဲ့သည့် နေအိမ်ရှိမိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တ ပြောင်းရွေ့နေထိုင်စေခြင်း၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များဝင်များမှဘေးလွတ်ရာမြစ်ကမ်းနှင့်ဝေးကွာသည့်နေရာတွင် နေအိမ်များပြန်လည်ဆောက်လုပ်နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အောင်မြင့်မြတ်