ကျောင်းကုန်းမြို့၌ ၂၀၂၅ ခုနှစ်၊ အပိုင်း(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲရလဒ်များ ရေတွက်စစ်ဆေး

ကျောင်းကုန်း ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲကြီးအား ဇန်နဝါရီလ (၁၁)ရက်နေ့နံနက် (၆) နာရီအချိန်မှ စတင်၍ကျင်းပပြုလုပ်ခဲ့ရာ ည (၁၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊အေးချမ်းသာယာခန်းမ၌ ဆန္ဒမဲစာရင်းများ ရေတွက်လျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မဲရုံအသီးသီးမှမဲရုံးမှူးနှင့်တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် အခြားဆက်စပ်ပစ္စည်းများ၊ ဆန္ဒမဲရလာဒ်စာရင်းများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများထံသို့ ပြန်လည်အပ်နှံခဲ့သည်။ ဆက်လက်၍ ဆန္ဒမဲရလဒ် များထုတ်ပြန်နိုင်ရန် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးကြပ်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှရရှိသည့် ဆန္ဒမဲရလဒ်များ စုပေါင်းရေတွက်ခဲ့ကြရာ ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလည်းကောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလည်းကောင်း၊ တိုင်းရင်း သားလွှတ်တော်မဲဆန္ဒနယ်(ကရင်)တွင် ကရင်ပြည်သူ့ပါတီနှင့် တိုင်းရင်းသားလွှတ်တော်မဲဆန္ဒနယ်(ရခိုင်)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့က အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်တွင် အပိုင်း(၂)ကျင်းပသော ရွေးကောက်ပွဲကြီးတွင် နိုင်ငံရေးပါတီ (၇)ခု ပါဝင်ပြီး ပါတီကိုယ်စားလှယ်လောင်းများနှင့် တိုင်းရင်းသားပါတီကိုယ်စားလှယ်လောင်း (၂၅)ဦးတို့က ဝင်ရောက်ကိုယ်စားပြုအရွေးချယ်ခံခြင်းဖြစ်သည်။ ကျောင်းကုန်းမြို့တွင် မြို့ပေါ် ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၅) အုပ်စုအတွက် မဲရုံပေါင်း (၁၁၉) ရုံရှိသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၁၄၄၄၉) ဦးရှိပြီး၊ (၉၀၂၄၉)ဦး ဆန္ဒမဲပေးခဲ့ပြီး ဆန္ဒမဲပေးသည့် ရာခိုင်နှုန်းမှာ ၇၃.၈၁% ရှိကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)