သုံးခွ ဇန်နဝါရီ ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲကို သုံးခွမြို့နယ် အ.လ.က (၁) ကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.လ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေဇာသန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီးနောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ရာ ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက လူငယ်နှင့်စာပေ၊ အားကစားနှင့် ကာယပညာဦးစီးမှူး ဦးခုပ်စွမ်းခိုင်မှ အားကစားအကြောင်း သိကောင်းစရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်က စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ရှိ/မရှိ အကြောင်းအရာများ၊ မြန်မာဘာသာဖြင့် ရေးသားထားသောအစားအစားများကို စားသုံးရန်နှင့် စားသုံးသူအခွင့်အရေး (၈) ချက် အကြောင်းအရာများကို ပြောကြားခဲ့သည်။
ထို့နောက် ကဗျာရွတ်ဆို ပြိုင်ပွဲကိုကျင်းပရာ မူလတန်းအဆင့် ကျောင်းသား/သူ (၁၀) ဦး ပါဝင်ယှဥ်ပြိုင်ကြရာ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဆုတံဆိပ်များကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်ပျော်ရွှင်ချမ်းမြေ့စေရန် အားကစားပြိုင်ပွဲများ ပြုလုပ်ပေးသည့်အပြင် အသိပညာဗဟုသုတရရှိစေရန် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)