ပုဇွန်တောင် ဇန်နဝါရီ ၁၃
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါရှိသည့် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီမှ ညနေ ၄ နာရီထိ လွှတ်တော်မဲဆန္ဒနယ်အသီးသီးရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဒေသခံမဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသည်။
ယင်းသို့ ဆန္ဒမဲပေးရာ၌ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက (၄၇၉၆) မဲ၊ ပြည်သူ့ရှေ့ဆောင်ပါတီက (၁၇၀၁) မဲ၊ ပြည်သူ့ပါတီက (၁၇၇၇) မဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက (၃၅၀၂) မဲ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် (မဲအများဆုံးအနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ် (၁) ၌ ပြည်သူ့ရှေ့ဆောင်ပါတီက (၁၈၃၈) မဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက (၂၃၈၁) မဲ၊ ပြည်သူ့ပါတီက (၁၄၄၉) မဲ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီက (၄၄၂) မဲ၊ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးရေးပါတီက (၃၇၂) မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက (၄၀၄၅) မဲ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက (၇၂၄) မဲ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက (၅၁၆) မဲ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော် (မဲအများဆုံးအနိုင်ယူစနစ်) ပုဇွန်တောင်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက (၅၀၃၇) ၊ ပြည်သူ့ရှေ့ဆောင်ပါတီက (၃၃၀၀) မဲ၊ ပြည်သူ့ပါတီက (၃၄၂၈) မဲ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော် ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက (၂၅) မဲ၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီက (၂၂) မဲ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက (၁၃) မဲ၊ ပြည်သူ့ရှေ့ဆောင်ပါတီက (၁၅) မဲ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော် ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီက (၃၀) မဲ၊ တစ်သီးပုဂ္ဂလက (၈၂) မဲ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက (၁၄) မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက (၈၁) မဲ၊ ပြည်သူ့ပါတီက (၄၇) မဲ၊ ပြည်သူ့ရှေ့ဆောင်ပါတီက (၅၃) မဲတို့ ရရှိခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်