မှော်ဘီမြို့နယ်၌ ခရိုင်ပေါင်းစုံ U21ဝန်ကြီးချုပ်ဖလားပါဝင်ယှဉ်ပြိုင်နိုင်ရေးလူရွေးပွဲများ ဆောင်ရွက်

မှော်ဘီ ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင်မှော်ဘီမြို့နယ်၌ ခရိုင်ပေါင်းစုံ ဝန်ကြီးချုပ်ဖလား U 21 အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် မှော်ဘီခရိုင် ကိုယ်စားပြုအသင်း ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် အောင်နိုင်ရေးအတွက် အသင်းသားအားကစားသမားများ ယမန်နေ့မှစတင်ကာ လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါခရိုင်ပေါင်းစုံ ဝန်ကြီးချုပ်ဖလား U 21 အောက် အမျိုးသားဘော လုံးပြိုင်ပွဲတွင် မှော်ဘီခရိုင်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးရွေးချယ်လျက်ရှိရာ ၁၂.၁.၂၀၂၆ မှ ယနေ့ ၃ ရက်ဆက်တိုက် မဏာမအဆင့်လေ့ကျင့်လျှက်ရှိပြီး ၁၅.၁.၂၀၂၆ ရက်နေ့တွင် ၂၅ ဦး ရွေးချယ်မည်ဖြစ်ကြောင်းနှင့် ရန်ကုန် ၂၁ ရက်နေ့ လူစစ်ပြီးလျှင်၂၂ .၁.၂၀၂၆ ရက်နေ့၌ အပြီးသတ် ၁၈ ဦးစာရင်းရွေးချယ်လေ့ကျင့်ပေးမည်ဖြစ်ပါကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး၏ ပြောပြချက်အရ သိရသည်။

မြို့နယ် (ပြန်/ဆက်)