အင်္ဂပူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အင်္ဂပူ ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း‌ဝေးခန်းမ၌ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ဦးစွာမြန်‌အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ မဲပေးစက်များ သယ်ယူမည့်အစီအစဥ်များ၊ မဲရုံများတွင်လိုအပ်သည်များကို ကြိုတင်စီမံဆောင်ရွက်ထားနိုင်ရေးနှင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၁)မှ အတွေ့အကြုံများအားဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီမံ‌ဆောင်ရွက်ထားရှိသည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသူရလှိုင်က ကြိုတင်မဲပေးခြင်း ဆောင်ရွက်မည့် အစီအစဉ်များရှင်းလင်း‌‌ဆွေးနွေးခဲ့သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းဝေးသို့ မြန်‌အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်‌ကော်မရှင်အဖွဲခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းမဲရုံများတွင် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရမည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)