ညောင်ဦးမြို့နယ်၌ ဝေမျှခြင်းပရဟိတမိသားစု (ရန်ကုန်)က နတ်ပလင်ကျေးရွာသို့ သောက်သုံးရေလှူဒါန်း

ညောင်ဦး ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ သောက်သုံးရေလိုအပ်လျက်ရှိသော နတ်ပလင်ကျေးရွာသို့ ‌ဝေမျှခြင်းပရဟိတမိသားစု(ရန်ကုန်)က ဇန်နဝါရီ ၁၃ ရက် နံနက် ၁၁ နာရီက သောက်သုံးရေ ၁၆၀၀ ဂါလံ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ   နတ်ပလင်ကျေးရွာသို့ သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းက ပြောကြား၍ သိရသည်။  ဝေမျှခြင်း ပရဟိတမိသားစု(ရန်ကုန်)က ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကျေးရွာများ၊ တဲတိုက်များ သောက်သုံးရေလိုအပ်သည့်အချိန်တိုင်း ကျေးရွာများအရောက် သွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း (ပြန်/ဆက်)