ရေစကြိုမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်သရုပ်ပြခြင်း ကျင်းပ

ရေစကြို ဇန်ဝါရီ ၁၃

ရေစကြိုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး၊ ဦးညီညီအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက  ကျောင်းသားမိဘများနှင့်  မူလတန်းကြို သားငယ်၊ သမီးငယ်များအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်သရုပ်ပြခြင်းကို ရေစကြိုမြို့မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရေစကြိုမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဒေါ်မိုးသန္တာစုနှင့် ဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် မူလတန်းကြို သားငယ်၊ သမီးငယ်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး၊ ဦးညီညီအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို ဟောပြောခဲ့ပြီးနောက် မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့်  မူလတန်းကြို သားငယ်၊ သမီးငယ် (၁၇၀)ဦးအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်သရုပ်ပြခဲ့ကြောင်း သိရသည်။

ဝေဇင်မို့(ရေစကြို)