ပုလော ဇန်နဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည် ၁ နာရီက ပုလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ကမ္ဘာ့တစ်ဝန်း၌ ကလေးများ၏ အနာဂတ်ပိုမိုတောက်ပစေနိုင်ရေး၊ ကလေးများကို ကာကွယ်မှု အပြည့်အဝပေးနိုင်ရေး၊ ကလေးများ အခွင့်အရေးပိုမိုရရှိစေနိုင်ရေး၊ ကလေးများ ကြုံတွေ့ရတတ်တဲ့ အခက်အခဲများကို အတူတကွ ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးစာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်းနှင့် အလားတူ ပုလောမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)