မော်လမြိုင်ကျွန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက မဲစာရင်းများ စစ်ဆေးကောက်ယူရေးအဖွဲ့နှင့် မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ရမည့်အကြောင်းအရာများ ရှင်းလင်းပြောကြားပြီး မဲပေးစက်ကျွမ်းကျင် ပညာရှင်များနှင့် နည်းပညာအထောက်အကူပြုအဖွဲ့များအနေဖြင့် မဲပေးစက်များ error တက်သည့်အခါ ဆောင်ရွက်ရမည့်အကြောင်းအရာများနှင့် နယ်မြေအလိုက် တာဝန်ချထား ခွဲဝေမှုများနှင့် အကြောင်းအရာတစ်စုံတရာပေါ်ပေါက်လာပါက ကူညီဆောင်ရွက်ပေးမည့် အစီအမံများကို ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အတွင်းမဲရုံများတွင် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရမည့် ဌာနဆိုင်ရာအကြီးအကဲများအား မိမိအားပေးအပ်ထားသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ရဲကိုမောင်