ငပုတောမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ငပုတော ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးကြရန်၊ မဲဆန္ဒရှင် ၁၀၀၀ နှင့်အထက် မဲရုံများတွင် မဲစစ်ဆေးသူ (၃) ဦး အဆိုင်းတိုးဆောင်ရွက်ရန်၊ မဲစလစ်စာရွက်များအား ဖြန့်ဝေဆောင်ရွက်သွားရန်၊ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ မဲဆန္ဒရှင်ပြည်သူများ အခဲမရှိမဲပေးနိုင်ရန်အတွက် မော်တော်ယာဉ်စီစဉ်ထားရှိရန်၊ မဲရုံများအလိုက်တာဝန်ထမ်းဆောင်မည့် အဖွဲ့ဝင်များအတွက်  လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးသွားရန်တို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူးက မဲရုံများအသုံးပြုမည့် စာသင်ကျောင်းများအတွက် လိုအပ်သည်များအား ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိက ကြိုတင်မဲများပေးကြမည့်စာရင်းများအား စနစ်တကျ ပြုစုဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းနှင့်တက်ရောက်လာသူများမှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။

အောင်သူ(ပြန်/ဆက်)