ချောက် ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဆန်၊ ဆီ များကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ဆန်၊ ဆီ ရောင်းချသော လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့ပေါ်ရှိ ဆန်သိုလှောင်ရုံ ဆန်စက်များ၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဈေးနှုန်းဈေးကွက်နှင့် ဆန်စီးဝင်/စီးထွက်စာရင်းများ၊ MyRo တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ် လက်ကျန်စာရင်းများ ရေးသွင်းထားခြင်း ရှိ/မရှိ နှင့် Update စာရင်း ရေးသွင်းနိုင်ရေးမှာကြားခြင်း၊ ဆန်ဆိုင်များအနေဖြင့် အိတ် (၅၀၀) အထက် ဆန်လက်ကျန်များ သိုလှောင်ထားသော်လည်း မှတ်ပုံထားခြင်း မရှိသည်ကို စိစစ်တွေ့ရှိပါက ဥပဒေအရ အရေးယူခြင်း ခံရနိုင်ကြောင်းဆွေးနွေးပြောကြားခဲ့ပြီး ဆန်ဆိုင်များအား စစ်ဆေးရာတွင် ဆန်များအား အခြားအမျိုးမတူဆန်များနှင့် ရောနှောရောင်းချခြင်း မပြုရေး၊ ဆီဆိုင်များအနေဖြင့် ဆီများကို အခြားအမျိုးမတူဆီများနှင့် ရောနှော၍ ရောင်းချခြင်း မရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)