မြို့သစ် ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပလတ်စတစ်အသုံးပြုမှုလျော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အပတ်စဉ် တနင်္လာနေ့တိုင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာဈေးအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းလင်းနှင့် ဝန်ထမ်းများသည် မြို့မဈေးအတွင်း ဈေးရောင်းချနေသူပြည်သူများအား ပလတ်စတစ် အသုံးပြုမှုလျော့ချရေး၊ ပလတ်စတစ် အစားထိုးပစ္စည်းများ အသုံးပြုနိုင်ရေး အသိပညာပေး ပြောကြားပြီး ပလတ်စတစ် အစားထိုးအင်ဖတ်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)