နတ်မောက် ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ ကလေး၊ လူရွယ်၊ လူငယ်၏ အဓိပ္ပာယ်ဖော်ပြချက်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်၊ အသက်(၁၄)နှစ်ပြည့်ပြီး အသက်(၁၈)နှစ် မပြည့်သေးသည့် မည်သည့်လူငယ်ကိုမျှ ဘေးအန္တရာယ်ရှိသော ကျန်းမာရေးကို ထိခိုက်စေသော၊ ပညာသင်ကြားနိုင့်သည့် အခွင့်အရေးကို အနှောင့်အယှက်ဖြစ်စေသော၊ စာရိတ္တနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသော နည်လမ်းများဖြင့် အလုပ်ခိုင်းစေခြင်းမပြုရစသည့် အကြောင်းအရာများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်ကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း