မိုးနဲမြို့နယ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုးနဲ ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပေါ့မိုင်းရပ်ကွက် အမှတ်(၃)ပေါ့မိုင်း အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ပြောကြားပေးခဲ့သည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက် လိုက်ခြင်းကြောင့် ကျောင်းသား/သူများ အနေဖြင့် နေ့ကြီးရက်ကြီးများကို မှတ်မှတ်ရရရှိနေစေခြင်း တို့အပြင် အသိပညာဗဟုသုတ အသစ်များ ရရှိခြင်း၊ အသိပညာများ ပြန်လည်ဖလှယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား/သူလေးများအား သွေးလွန်တုပ်ကွေးရောဂါဖြစ်ပေါ်လာပုံနှင့် ပလတ်စတစ်အန္တရာယ် အသိပညာပေး အကြောင်းအရာများပါရှိသော နံရံကပ်စာစောင်အား ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

ဇင်ကိုကို