ကျောက်ဆည် ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၇) မူလတန်းလွန်ကျောင်း၌ ဇန်နဝါရီ ၁၃ ရက် နေ့လယ် ၁၁ နာရီခွဲက ကျောင်းတွင်းအာဟာရကျွေးခြင်း လုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဟာရကျွေးမွေးခြင်းများဆောင်ရွက်ရာတွင် အဟာရအလှူရှင် ဦးအေး+ဒေါ်နီလာခိုင် မိသားစုနှင့် အမှတ် (၇) မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်နှင့် ဆရာ/ဆရာမများ ပူးပေါင်း၍ KG တန်းမှ ကျောင်းသား ၈ ဦး၊ ကျောင်းသူ ၉ ဦး၊ Grade-1 မှ ကျောင်းသား ၃ ဦး၊ ကျောင်းသူ ၁၂ ဦး၊ Grade-2 မှ ကျောင်းသား ၁၄ ဦး၊ ကျောင်းသူး ၁၀ ဦး၊ Grade-3 မှ ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၁၉ ဦး၊ Grade-4 မှ ကျောင်းသား ၁၂ဦး၊ ကျောင်းသူ ၁၃ ဦး၊ Grade-5 မှ ကျောင်းသား ၇ ဦး၊ ကျောင်းသူ ၁၇ ဦး တို့အား ကြက်သားကြာဇံ အာဟာရများတိုက်ကျွေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)