မိုင်းယုမြို့၌ ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

မိုင်းယု ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မိုင်းယုနယ်မြေစခန်းမှ စခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းက အသက်မပြည့်သေးသည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ချိန် မူးယစ်ဆေးဝါးကို စမ်းသပ်သုံးစွဲမှုမရှိစေရေး၊ နည်းမှန်လမ်းမှန်ကို ရွေးတတ်စေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်အကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် စခန်းမှူးမှ ကျောင်းသား၊ကျောင်းသူတို့အား မိမိတို့သိမှတ်ထားသည့်အကြောင်းအရာများကို တစ်ဦးတစ်ယောက်ဆီ ပြန်လည်မေးမြန်းဆွေးနွေးပညာပေးခဲ့ကြကြောင်းနှင့် ယင်းဟောပြောပွဲကို ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်