သုံးခွမြို့နယ်တွင် ပဲတီစိမ်းစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

သုံးခွ ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် တစ်စပ်တစ်ဆက်တည်းပဲတီစိမ်းဧက (၁၀၀၀) စိုက်ပျိုးထားသည့် ကတုံးပေါ်အလယ်ကျေးရွာ၊ ပစ်တိုင်းထောင်ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းတွင် ပဲတီစိမ်းများ စိုက်ပျိုးအောင်မြင်နေမှုအခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသီမြလှိုင်က တောင်သူဦးကြီးများအား ပဲတီစိမ်းအထွက်နှုန်းတိုးစေရေးအတွက် ပဲတီစိမ်းစိုက်ပျိုးမှုနည်းစနစ်မှန်ကန်ရေး၊ ပိုးသတ်ဆေးအချိုးအစား မှန်ကန်စွာအသုံးပြုနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ရရှိရေးတို့ကို ပြောကြားခဲ့သည်။

သုံးခွမြို့နယ်အတွင်းရှိ ၂၀၂၆-ခုနှစ် ပဲတီစိမ်းတစ်စပ်တစ်ဆက်တည်း ဧက (၁၀၀၀)စိုက်ပျိုးမည့် အသင်းသား (၄၈) ဦးထံ မျိုးနှင့် သွင်းအားစုများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)