တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

တိုက်ကြီး ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဖျောက်မြို့၊ ဧရာမင်းအားကစားကွင်းတွင် ကျင်းပသည်။

ဦးစွာ ပြိုင်ပွဲဝင်အသင်း ၁၈ သင်းမှ အားကစားသမားများက ကွင်းအတွင်း နေရာယူကြပြီး အခမ်းအနားကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက ဦးစိုးဝင်းမောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးဝင်းမောင်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့က ပြိုင်ပွဲဝင်အားကစားသမားအား လိုက်လံနှုတ်ဆက်ခြင်း၊ အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခြင်းနှင့် အသင်းအုပ်စုများ မဲနှိုက်ခြင်းများ ဆောင်ရွက်ကြကာ ဖွင့်ပွဲပြိုင်ပွဲအနေဖြင့် ရွှေနဂါးအသင်းနှင့် ရွှေညီအစ်ကိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲစဉ်အလိုက် ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ရာ အနိုင်ရရှိသောအသင်းများအား (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)