ကျောက်တန်းမြို့၌ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြော

ကျောက်တန်း ဇန်န၀ါရီ ၁၃

သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောကို ယနေ့ နံနက် (၉) နာရီက အ.ထ.က (ကမာကလုတ်) ကျောင်း၌ ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ပြသခဲ့သည်။

အဆိုပါဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းမှ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပင်လုံစိတ်ဓာတ်၊ တိုင်းရင်းသားယဥ်ကျေးမှုနှင့် ဓလေ့ထုံးစံများ စသည့်အသိပညာဗဟုသုတများ ရရှိစေသည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ ကဗျာရွတ်ဆိုခြင်းနှင့် ပုံပြင်ပြောခြင်းများ ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)