ပခုက္ကူခရိုင်အဆင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းခြင်းဆိုင်ရာ အသိပေးရှင်းလင်းပွဲ ပြုလုပ်

ပခုက္ကူ ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းခြင်းဆိုင်ရာ အသိပေးရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ချိုခိုင်ဦးက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားသည်။  

ထို့နောက် တက်ရောက်လာသည့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကယ်ရီမောင်