မိုင်းရယ် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီး၍ ပြည်ထောင်စုနေ့(အကြို) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မူလတန်းလွန်ကျောင်း(တပ်တွင်း)၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များကို ပြည်ထောင်စုနေ့အကြောင်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၃ ဦး တက်ရောက်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား/သူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြ သည်။
မြို့နယ်(ပြန်/ဆက်)