မက်မန်း ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၊ တတိယပိုင်း(အပိုင်း-၃)တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ မဲရုံများ၌ ဆန္ဒမဲပေးရာတွင် ဆန္ဒမဲအမှတ်စဉ်များကို အလွယ်တကူသိရှိပြီး အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် တစ်အိမ်တက်ဆင်း Voter Slip များကို ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် လိုက်လံဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ Voter Slip များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ အုပ်ချုပ်ရေးမှူးများ နှင့် စာရေးဝန်ထမ်းများက တစ်အိမ်တက်ဆင်းလိုက်လံဖြန့်ဝေပေးနေမှုကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးကျော်မြင့်လှိုင်နှင့် ဝန်ထမ်းများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများက Voter Slip များ လိုက်လံဖြန့်ဝေပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။
မက်မန်းမြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၁)အုပ်စု၊ ကျေးရွာ(၉၇)ရွာရှိ မဲဆန္ဒရှင်စာရင်းမှာ (၈၅၂၀) ဦးရှိပြီး မဲရုံပေါင်း (၃၃) ရုံဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (တနင်္ဂနွေ)နေ့၊ တတိယပိုင်း(အပိုင်း-၃)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)